မအီမြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသူ လူငယ်(၂)ဦးအား ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသူ လူငယ်(၂)ဦးအား ဖမ်းဆီးရမိ


MNP ၊ ဇူလိုင်   ၃၁

မအီမြို့၊ အမှတ်(၁)ရပ်ကွက်နေ မောင်မျိုးကျော်ခင်(၂၃)နှစ်၊ (ဘ) ဦးဝင်းလှိုင်မှာ ဇူလိုင်လ(၁၂)ရက်နေ့ ည(၈)နာရီအချိန်ခန့်တွင် တောင်ကုတ် <----> မအီကားလမ်းဘေး၌ မိမိပိုင် CANDA 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား ရပ်ထားခဲ့ပြီး ကားလမ်းနှင့် ပေ(၁၀၀)ခန့်အကွာ စံကောပြင်ကွင်း၌ ဖားရှာနေစဉ် ဆိုင်ကယ်စက်နှိုးသံကြား၍ နောက်လှည့်ကြည့်ခဲ့ရာ မိမိဆိုင်ကယ်အား အမည်မသိ လူငယ်(၂)ဦးမှ ဓာတ်မီးကိုယ်စီဖြင့် မအီမြို့ဘက်သို့ ခိုးယူမောင်းနှင်ထွက်ပြေးသွားကြောင်း၊ အဆိုပါ ဆိုင်ကယ်အား  မိမိကိုယ်တိုင် လိုက်လံစုံစမ်းရှာဖွေနေခဲ့၍ ကြန့်ကြာမှုများရှိခဲ့ကြောင်း၊ ဖော်ပြပါ လူငယ်(၂)ဦးအား စုံစမ်းဖော်ထုတ်၍ ဖမ်းဆီးအရေးယူပေးပါရန် မအီနယ်မြေရဲစခန်းသို့ ဇူလိုင်(၂၃)ရက်နေ့က တရားလိုပြုလုပ် တိုင်တန်းခဲ့သည်။


သို့ဖြစ်၍ မအီနယ်မြေရဲစခန်းမှ (ပ)၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မျိုးဇင်ယုက လက်ခံစစ်ဆေး၍ သက်သေများအဖြစ် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလေး၊ အမှတ်(၁)ရပ်ကွက် ရာအိမ်မှူး ဦးဝင်းလှိုင် တို့လိုက်ပါလျက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဆိုင်ကယ်ခိုးယူသူ လူငယ်(၂)ဦးမှာ အမှတ်(၁)ရပ်ကွက်နေသူများဖြစ်သည့် ရဲလင်းဇော် အသက်(၁၇)နှစ်၊ (ဘ)ဦးဖိုးကျော်နှင့် နေမျိုးဝင်း အသက်(၁၆)နှစ်၊ (ဘ)ဦးထွန်းထွန်းနိုင် သိရှိရ၍ ၎င်းတို့(၂)ဦးအား ၎င်းတို့၏နေအိမ်များမှ ဖမ်းဆီးရမိခဲ့သည်။


ဖော်ပြပါ ဖမ်းဆီးရမိသော လူငယ်(၂)ဦးအား စစ်ဆေးမေးမြန်းခဲ့ရာတွင် ၎င်းတို့သည် ခိုးယူရရှိသော မောင်မျိုးကျော်ခင်၏ ကာလတန်ဖိုး(၁၀)သိန်းခန့် တန်ဖိုးရှိ CANDA 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား  တစ်ပတ်ခန့်အကြာတွင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၊ ဥက္ကာလမ်း၊ ဘုရားကြီးအနီးရှိ အသက်(၆၀)ခန့်(လူမြင်လျှင်မှတ်မိ) နေအိမ်တွင်  ငွေကျပ်(၂၅၀၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။


ဆက်လက်၍ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်အား သိမ်းဆည်းနိုင်ရေးနှင့် တရားခံ ရဲလင်းဇော်နှင့် နေမျိုးဝင်းတို့အား တောင်ကုတ်မြို့မရဲစခန်းသို့ ပို့ဆောင်ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့်အညီ ထိန်းသိမ်းခွင့် တောင်းခံနိုင်ရေးတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)