Pages

Pages

ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ



MNP ၊ ဇူလိုင် ၂၅      

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၌ သီတင်းသုံးတော်မူသော စာချ၊ စာသင် သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်း အစရှိသော လှူဖွယ်ပစ္စည်းများလောင်းလှူကြကြောင်း သိရသည်။


ထို့အပြင် ဆရာတော်သံဃာတော်များအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးအလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ ဒေသခံပြည်သူများက ဆွမ်းဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။


ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား (၇၆)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


မျိုးဝင်းညို 

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق