Pages

Pages

ရမ်းဗြဲမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအားလိုက်လံကြည့်ရှုစစ်ဆေး






MNP ၊ ဇူလိုင် ၂၂

  ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြီးကြပ်သူ တပ်မတော်အရာရှိ ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍  မိုးရာသီ ကာလအတွင်း ဖြစ်ပွား တတ်သည့် သွေးလွန်တုပ်ကွေး နှင့် ခြင်ကိုက်ခံရခြင်း ကြောင့်ဖြစ်ပွား တတ်သည့် အခြားရောဂါများ  မဖြစ်ပေါ်စေရန်  အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ  ဆောင်ရွက်နေမှုများအား  လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။  


ရှေးဦးစွာ မြို့ပေါ်(၆)ရပ်ကွက်နှင့် စာသင်ကျောင်းများ၊ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ စျေးဆိုင်များသို့ သွားရောက်၍ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။  အဆိုပါ ဆောင်ရွက်ရာသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကြီးကြပ်သူ တပ်မတော်အရာရှိ ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ခြင်ခိုအောင်းပေါက်ပွားနိုင်သော နေရာများ၊ရေမြောင်းများ ခြင်ဆေးဖျန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                   


 အောင်တင်ကြည်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق