Pages

Pages

ကာလုံအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ထောက်ခံဆွေးနွေး




MNP ၊ ဇူလိုင် ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၃)ကို ဇူလိုင် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့သည်။

ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ CRPH ၊ NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုမျိုးစုံကို လုပ်ဆောင်နေမှု၊ ပညာရေးနိမ့်ပါးအောင် လုပ်ဆောင်နေမှု၊ NLD အစိုးရလက်ထက် မဲမသမာမှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် အခြေအနေနှင့် စပ်လျဉ်း၍ သုံးသပ်တင်ပြချက်များအပေါ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ထောက်ခံဆွေးနွေးသွားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဆွေးနွေးတင်ပြကြရာ ဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆွေးနွေးပြောကြားရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်ကိုထောက်ခံပါကြောင်းဆွေးနွေး ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

CRPH ၊ NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များက တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံတော်သမ္မတ က  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ) ၏ လုပ်ပိုင်ခွင့်များအရ လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရ “နိုင်ငံ တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၈-၂၀၂၃ ရက်နေ့ မှ စ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်” ထံသို့ထပ်မံအပ်နှံကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသို့ အသိပေးကြေညာခဲ့သည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق