ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ အခြေခံပညာကျောင်းများနှင့် နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ အခြေခံပညာကျောင်းများနှင့် နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး




MNP ၊ ဇူလိုင် ၂၄      

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများနှင့် နေအိမ်များ၌ ဌာနဆိုင်ရာများ၊ ကျန်းမာ‌ရေးဌာနမှ ဝန်ထမ်းများ၊ မြို့ပေါ်ပရဟိတအသင်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။


ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်အတူ သန်ပန်ချောင်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းနှင့် တောင်ရင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ပရဟိတအသင်းများဖြစ်သည့် လင်းရောင်ခြည်၊ လေးဝတီ၊ ရက္ခိတရင်ခွင် ပရဟိတ အသင်းတို့ ပူးပေါင်း၍ အဆိုပါ ကျောင်းများ၌ ခြင်ဆေးဖျန်းခြင်း၊ ပိုးလောက်လန်းများ ပေါက်ပွားနိုင် ခြေရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီနှင့် ရေတွင်း၊ ရေကန်များ၊ အုတ်ကန်များတွင် ပိုးလောက်လန်းသေ အဘိတ်ဆေးများခတ်ခြင်း၊ ဘုရားညောင်ရေပန်းအိုးများ၊ ကားတာယာ‌ဟောင်းများနှင့် စွန့်ပစ်ပစ္စည်း များကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ဆရာ၊ဆရာများကို အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်မှုကို ကြည့်ရှုအားပေးသည်။


အလားတူ ကျောက်ဖြူမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ပရဟိတအသင်းများသည် လေ့ကျင့်ရေး(အ.လ.က)ကျောင်း၊ အ.မ.က(အစိုးရ)ကျောင်းနှင့် မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များသို့ သွားရောက်ပြီး ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost











ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)