ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာတွင် လင်မယားချင်း အရက်အတူတူ သောက်စားကြပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာတွင် လင်မယားချင်း အရက်အတူတူ သောက်စားကြပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်


MNP ၊ ဇူလိုင် ၂၃

ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ကျောက်ခဲအင်းကျေးရွာ၌ ၂၃-၇-၂၀၂၃ နေ့ (၁၁ ၂၀)အချိန်ခန့်တွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်းအရ ဒက္ခိဏသီရိမြို့မရဲစခန်း တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ သေဆုံးသူမှာ အဆိုပါကျေးရွာနေ ဒေါ်အူဝဲ (၄၅)နှစ် (ဘ) ဦးဖိုးဆယ် ဖြစ်ပြီး ဦးခေါင်းယာဘက်ခြမ်းပေါက်ပြဲဒဏ်ရာ၊ မျက်နှာညိုမဲဖူးယောင်ဒဏ်ရာ တို့ဖြင့် နေအိမ်ကြမ်းပြင်၌ လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဒေါ်အူဝဲ သေဆုံးမှုနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူ စန်းဦး (၄၉)နှစ် (ဘ)ဦးတင်အောင်အား စစ်ဆေးခဲ့ရာ ၎င်းသည် ၂၂-၇-၂၀၂၃ နေ့ (၂၁ ၀၀)အချိန်ခန့်တွင် နေအိမ်၌ လင်မယားချင်း အရက်အတူတူ သောက်စားခဲ့ကြပြီး စကားများရန်ဖြစ်ရာမှ စန်းဦးမှ ဒေါ်အူဝဲအား နေအိမ်အတွင်းရှိ လုံးပတ် (၄)လက်မ ပတ်လည်ခန့်ရှိ သစ်သားအိမ်တိုင်နှင့် ဒေါ်အူဝဲ၏ ဦးခေါင်းအား ကိုင်ဆောင့် ရိုက်နှက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ စန်းဦး (ဘ)ဦးတင်အောင် အား ဒက္ခိဏသီရိမြို့မ ရဲစခန်းမှ (ပ)၃၁/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)