Pages

Pages

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးထွန်းဝေ မောင်တောခရိုင်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးအား စစ်ဆေးကြည့်ရှုပြီး ၀န်ကြီးဌာန အောက်ရှိ ၀န်ထမ်းများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြား





MNP ၊ ဇူလိုင် ၂၆      

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ယမန်နေ့ နံနက်ပိုင်းက  မောင်တောခရိုင်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး

ရှိ ၀န်ထမ်းများ နှင့် တွေ့ဆုံကာ ဌာနမှအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းတာ၀န်များကို ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း နှင့် ဦးစီးဌာန၏​မျှော်မှန်းချက်၊ရည်မှန်းချက်များ ပြည့်မှီ အောင်ဆောင်ရွက်စေရေး အတွက် လမ်းညွန်မှာကြားခဲ့ပြီး ဌာန ရုံးအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။


ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၀န်ကြီးဌာန အောက်ရှိ ဦးစီးဌာန ၄ ခုမှ အဖွဲ့၀န်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဌာနတာ၀န်ရှိသူများက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ်​ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့်​ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများ၏​ဆောင်ရွက်မှုအ​ခြေအ​နေများအား ‌တင်ပြခဲ့ကြပြီး အင်ဂျင်‌နီယာချုပ်က လိုအပ်သည်များအား လမ်းညွန်မှာကြားခဲ့ကြောင်းသိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق