ထန်းတပင်မြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ် ပြုလုပ်နည်း သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ် ပြုလုပ်နည်း သင်တန်းဖွင့်လှစ်


MNP ၊ ဇူလိုင် ၂၇      

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီခွဲအချိန် က ဖွင့်လှစ်‌ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကိုကိုက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  ဒုတိယဦးစီးမှူး ဒေါက်တာနှင်းထက်ထက်အောင်မှ နေဗီယာမြက်စိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွားမွေး မြူရေးအစာရှားပါးမှုလျော့နည်းစေခြင်း၊ အာဟာရဓာတ်ကြွယ်ဝသော အစာများရရှိခြင်း၊ ကောင်းမွန်သော ကျွဲ၊နွားအစာများရရှိစေခြင်း၊ ပရိုတင်းဓာတ်ပမာဏများစွာပါဝင်သည့်အတွက် ကျွဲ၊ နွားများ အာဟာရပြည့်ဝသော အစာများစားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် တိရစ္ဆာန်အစာပင်နေဗီယာမြက်မျိုးကို စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ နွားစာမြက်ချဉ်ဖတ် ပြုလုပ်ထားခြင်းဖြင့် နွေရာသီ တိရစ္ဆာန် အစားအစာရှားပါးမှု ပြဿနာကို တစ်ဖက်တစ်လမ်းက ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီးအဆိုပါ သင်တန်းကိုဖွင့် လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။


အဆိုပါသင်တန်းသို့သင်တန်းသား (၂၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ(၂)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်​ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)