မိတ္ထီလာပညာရေး ဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာပညာရေး ဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်း ကျင်းပ


MNP ၊ ဇူလိုင် ၂၅      

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဒီဂရီကောလိပ်၏ ပညာပါရမီခန်းမ၌ ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ အဆိုပါ လူငယ်စကားဝိုင်း ပထမပိုင်းအစီအစဉ်ကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဒေါ်စုလတ်ထွေးက လူငယ်စကားဝိုင်းကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၏ ဦးဆောင်မှုဖြင့် လူငယ်စကားဝိုင်းကို ကျင်းပရာ  မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ သင်တန်းသူ သင်တန်းသား ၅ ဦးက လူငယ်နှင့်ကျန်းမာရေး ၊ လူငယ်နှင့် မူးယစ်ဆေးဝါး ၊ လူငယ်နှင့် စာဖတ်ခြင်း ၊ လူငယ်နှင့် ဝါသနာ ၊ လူငယ်နှင့် စာရိတ္တ ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြသည်။ အဆိုပါ သင်တန်းသူသင်တန်းသား ၅ ဦး၏ ဆွေးနွေးပြောကြားမှုအပေါ် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော သင်တန်းသူသင်တန်းများက ပါဝင် ဖြည့်စွက် ဆွေးနွေးကြ သည်။ အဆိုပါလူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ​သင်တန်းသူ သင်တန်းသား ၅ ဦးအား ကျောင်းအုပ်ဒေါ်စုလတ်ထွေးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်တို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းကို လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ၊ စကား ပြောစွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ချမ်းသာ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)