သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်




MNP ၊ ဇူလိုင်   ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်၌ ဌာနဆိုင်ရာများက စေတီတော်များအား ထုံးကပ်ခြင်းနှင့် ကျောင်းတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။


အဆိုပါ  စေတီတော်များအား ထုံးဆက်ကပ်ခြင်းနှင့် ကျောင်းတိုက်ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး   ဦးဆန်းဗိုလ်က ဦးဆောင်၍   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ဘုန်းတော်ကြီးကျောင်းပရဝုဏ်နှင့် စေတီတော်ရင်ပြင်ပတ်ဝန်းကျင်တို့ရှိ ချုံနွယ်များ၊ မြက်ပင်များနှင့် အမှိုက်များအား ရှင်းလင်းခြင်း၊ စေတီတော်များအား ထုံးဆက်ကပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)