MNP ၊ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ယနေ့ စစ်ခုံရုံးဖြင့် စစ်ဆေးပြီး ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ကောလင်းမြိုနယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် တရားခံ ခိုင်ဇော်ထွန်း(ခ) အောင်တီးအား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
အလားတူ ကောလင်းမြိုနယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးများထောက်ပံ့ခဲ့ပြီး နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေငြာထားသည်ကို သိလျက်နှင့် ပါဝင်ဆောင်ရွက်ခဲ့သည် တရားခံ ငွေအောင်(ခ) လှိုင်ဦး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အများပြည်သူများ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် မဟုတ်မမှန်သတင်းများအား ဖြန့်ဝေခဲ့သည့် တရားခံ သန့်ဇင်အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများအား စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၇၃) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေများဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق