Pages

Pages

မွန်​ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်








MNP ၊ ဇူလိုင် ၂၉     

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဝါဆိုဝါ ကပ်တော်မူကြမည့် သံဃာတော်များ စိတ်အေး ချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက်  ယနေ့နံနက်ပိုင်းတွင်   မော်လမြိုင်မြို့၊ စျေးကြိုအဝိုင်းထိပ်ရှိ တော်ကူးကျောင်းတိုက်နှင့် မြို့ရှောင်လမ်းရှိ မဟာမြိုင်ပရိယတ္တိစာသင်တိုက်ဝင်းအတွင်း၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်း‌ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံ​ကြည့်ရှုအားပေးကာ  ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းများကိုဆက်ကပ်လှူဒါန်းခဲ့သည်။


အလားတူ ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက  ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်များ ဆက်ကပ်လှူဒါန်းပေးကြပြီး ကျောင်းတိုက်အသီးသီးတို၌ ခြင်အန္တရာယ် ကင်းရှင်းရေးနှင့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်ရေးအတွက် အမှိုက်များ၊ မြက်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်း၍  သန့်ရှင်းရေးလုပ်ငန်းများ  ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق