MNP ၊ ဇူလိုင် ၂၅
ချင်းပြည်နယ် ဟားခါး-ထန်တလန်မြို့ လမ်းကြောင်းပြန်လည်အသုံးပြု သွားလာနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟားခါးမြို့နှင့် ထန်တလန်မြို့တို့မှ မြို့မိမြို့ဖများ၊ ဘာသာရေးဆရာတော်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ တိုင်းမှူးတို့က တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့သည် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်မှုဖြင့် CDF/PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သော မြို့ဖြစ်သည်။
#MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق