ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ စေတီယျတောင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်‌ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ စေတီယျတောင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်‌ရောက်








MNP ၊ ဇူလိုင် ၂၉     

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုအားပေးပြီး စေတီယျတောင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ၂၀၂၃ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ  သစ်ပင်စိုက်ပျိုးပွဲတော် အခမ်း အနားသို့ တက်ရောက်ပြီး သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။ 


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကျောက်ဖြူမြို့၊ စေတီရပ်ကွက်သို့ သွားရောက်ကာ အဆိုပါရပ်ကွက်ရှိ စေတီယျတောင်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးစေတီမှ သာသနာ(၂၅၀၀) စေတီအထိ တောင်စောင်းတစ်လျှောက် ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ များမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုတို့ကို ကြည့်ရှုအားပေးသည်။  ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် စေတီယျတောင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်နှင့် ရဟန်းသံဃာ တော်များ ဝါတွင်းသုံးလ အေးချမ်းစွာဖြင့် တရားဘာဝနာပွားများနိုင်စေရန်အတွက် ဆွမ်းဆန်တော်များကို ဆက်ကပ်လှူဒါန်းခဲ့သည်။


ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူပညာရေးဒီဂရီ ကောလိပ်သို့ ရောက်ရှိကာ အဆိုကောလိပ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပွဲတော် အခမ်းအနားသို့ တက်ရောက်ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ကျွန်း၊ ပျဉ်းကတိုးနှင့် ပိတောက်  စုစုပေါင်းအပင် (၂၅၀)အား  သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)