ဖြူးမြို့နယ်၌ ပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် စားသောက်ကုန်များ ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖြူးမြို့နယ်၌ ပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် စားသောက်ကုန်များ ရောင်းချပေး




MNP ၊ ဇူလိုင် ၂၉   

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများစျေးနှုန်းချိုသာစွာဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရန်အတွက်နေ့စဉ်ဖြူးမြို့မစျေးအနီး၌ ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း  ဆက်လက်ရောင်းချပေးရာ ဝယ်ယူလျက်ရှိကြောင်း  သိရသည်။


ဝယ်ယူနိုင်သည့် စျေးနှုန်းများမှာ  ဆန်တစ်ပြည်(၂၄၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၂၅၀)ကျပ်၊ ကြက်သား တစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ(၁၂၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ (၆၀၀၀)ကျပ်ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးရာပြည်သူများဝယ်ယူကြကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)