မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ် က မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သွားရောက် ရှင်းလင်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ် က မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သွားရောက် ရှင်းလင်းပြောကြား



MNP ၊ ဇူလိုင် ၂၂

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Song Haijun အား ၂၁-၇-၂၀၂၃ ရက်နေ့၊ (၁၆ ၀၀)နာရီတွင် ကွမ်ရှီးဒေသနိုင်ငံခြားရေးရုံးသို့ သွားရောက် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ် တိုးတက်မှုအခြေအနေ များကို သွားရောက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ထိုသိုတွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးအပါအဝင် ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းနေမှုများ၊ အာဆီယံတူညီဆန္ဒ(၅)ရပ် ဖော်ဆောင်နေမှုများ၊ မိုခါဆိုင်ကလုန်း ဘေးဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဒေသများနှင့် ပြည်သူများအား ကူညီ ကယ်ဆယ်မှုများနှင့် ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု များကို ရှင်းလင်းပြောကြားခဲ့သည်။

Mr. Song Haijun က မြန်မာနိုင်ငံ၌ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအတွက် စာနာထောက်ထားပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး၊ လုံခြုံရေးအခြေအနေများကို အလေးထားပါကြောင်း၊ မြန်မာနိုင်ငံ၌လည်း အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်ပါကြောင်းနှင့် (၂၀)ကြိမ်မြောက် China-ASEAN Expo (CAEXPO) နှင့် China-ASEAN Business and Investment Summit (CABIS) တို့ကို မကြာမီ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံဘက်မှ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ ပါဝင်နိုင်စေရန် ကူညီပေးစေလိုပါကြောင်းဖြင့် ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)