စပါး-ငါး တွဲဖက်မွေးမြူဆောင်ရွက်နေသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်နှင့် ကယားပြည်နယ်ဒေသထွက် ငါးအစာတောင့် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စပါး-ငါး တွဲဖက်မွေးမြူဆောင်ရွက်နေသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်နှင့် ကယားပြည်နယ်ဒေသထွက် ငါးအစာတောင့် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ



MNP ၊ ဇူလိုင် ၂၇      

ကယားပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စပါး-ငါး တွဲဖက်မွေးမြူ ဆောင်ရွက်နေသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်နှင့် ကယားပြည်နယ်ဒေသထွက် ငါးအစာတောင့်များ ထောက်ပံ့ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်ရပ်ကွက်ရှိ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေက  အဖွင့်အမှာစကား ပြောကြားရာတွင် စပါး-ငါး တွဲဖက်စိုက်ပျိုးမွေးမြူ ခြင်းဖြင့် ဒေသခံပြည်သူများ ငါးပိုမိုစားသုံးနိုင်ပြီး ငါးအာဟာရဓါတ်ရရှိနိုင်သည့်အပြင် ဝင်ငွေများတိုးပွားလာနိုင်သည့်အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တောင်သူတစ်ဦးချင်းစီအား အရည်အသွေးပြည့်မှီသည့် ကယားပြည်နယ် ဒေသထွက် ငါးအစာတောင့်ကို ပထမအကြိမ် တစ်ဧကလျှင် ငါးသောင်းတန် တန်ဖိုးရှိ အစာတောင့်အား အခမဲ့ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ကယားပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်းတွင် စပါးငါးတွဲဖက် မွေးမြူနေသည့် အခြေအနေများကိုလည်းကောင်း၊ ငါးအစာတောင့်ထုတ်လုပ်သူလုပ်ငန်းရှင် ဦးလှမြင့်က ငါးအစာတောင့် ထုတ်လုပ်ပုံ ထုတ်လုပ်နည်းနှင့် သုံးစွဲပုံများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ငါးသားပေါက်နှင့် ငါးအစာတောင့်များကို ငါးမွေးတောင်သူများအားပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ငါးမွေးတောင်သူများက ငါးဖန်းမ (Osteobrama cotio)မျိုးငါး မွေးမြူထားသည့် သရုပ်ပြငါးကန်အား ကြည့်ရှု့လေ့လာခဲ့ကြ သည်။


ပြည်နယ်အတွင်းတွင် စပါး-ငါး တွဲဖက်မွေးမြူဆောင်ရွက်ခြင်းဖြင့် တောင်သူများ၏ စပါးထွက်ရှိမှုရရှိသည့် ဝင်ငွေသာမက ငါးထွက်ရှိမှုမှ အပိုဝင်ငွေရရှိစေသည့်အပြင် စပါးခင်းအတွင်း ပိုးသတ်ဆေးသုံးစွဲမှု လျော့ချစေခြင်းဖြင့် စပါးအထွက်နှုန်း ကောင်းမွန်သည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ကယားပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။


ကိုဇင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)