မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်






MNP ၊ ဇူလိုင် ၂၉   

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပြီး ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မအီနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလိုက်ပါ၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မအီမြို့၊ အမှတ်(၁)ရပ်ကွက်၊ (၃)ရပ်ကွက်အတွင်း၌ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခြင်များခိုအောင်းပေါက်ပွားနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့်  အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ တာယာခွံ၊ ပလပ်စတစ်ခွံများရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများနှင့် Box Culvert များအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးများ ခတ်ပေးခြင်း စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။


သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ကြောင်း၊  ၎င်းရောဂါသည် ကပ်ရောဂါအသွင်ဖြစ်ပွားမှုဖြင့် (၂)နှစ်လျှင် တစ်ကြိမ်(သို့မဟုတ်) (၃)နှစ်လျှင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားခဲ့ပြီး ယခုနှစ်များတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါများဖြစ်ပွားပြီး ကလေးသူငယ် ထိခိုက်သေဆုံးမှုများ ရှိလာခဲ့ခြင်းကြောင့် မအီမြို့အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး သွန် လဲ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသိပညာပေး ပြောကြားခဲ့သည်။ 


အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး ဖုံး သွန် လဲ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေး ခတ်ပေးခြင်းများကို အပတ်စဉ် တနင်္လာ၊ သောကြာ၊ စနေနေ့များတွင် မအီမြို့ပေါ်ရပ်ကွက်များ၌ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)