ပုသိမ်မြို့အိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်မြို့အိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး






MNP ၊ ဇူလိုင် ၂၆      

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စာဖတ်ရှိန်မြင့်မားလာရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ၊ ရသစာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လည်ပိုင်းက ကြောင်ပန်းကုန်းကျေးရွာရှိ ပုသိမ်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။


စာကြည့်တိုက်နှင့် အလှမ်းကွာဝေးသည့် သင်တန်းကျောင်းမှသင်တန်းသူများအား စာပေနှင့်စဉ်ဆက် မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ယမန်နေ့ နေ့လည်ပိုင်းက ပုသိမ်အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်၍ သုတရသစာအုပ်များအား ငှားရမ်းပေးခဲ့ပြီး နှစ်ပတ်လျင်တစ်ကြိမ် လဲလှယ်ငှားရမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မြင့်ဟန်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)