MNP ၊ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စာဖတ်ရှိန်မြင့်မားလာရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ၊ ရသစာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လည်ပိုင်းက ကြောင်ပန်းကုန်းကျေးရွာရှိ ပုသိမ်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
စာကြည့်တိုက်နှင့် အလှမ်းကွာဝေးသည့် သင်တန်းကျောင်းမှသင်တန်းသူများအား စာပေနှင့်စဉ်ဆက် မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ယမန်နေ့ နေ့လည်ပိုင်းက ပုသိမ်အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်၍ သုတရသစာအုပ်များအား ငှားရမ်းပေးခဲ့ပြီး နှစ်ပတ်လျင်တစ်ကြိမ် လဲလှယ်ငှားရမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြင့်ဟန်
https://t.me/MyanmarNationalPost





ليست هناك تعليقات:
إرسال تعليق