မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်းအခမ်းအနားသို့ တက်ရောက်ကြမည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်းအခမ်းအနားသို့ တက်ရောက်ကြမည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း










MNP ၊ ဇူလိုင်   ၃၁

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ(၁)ရက်နေ့တွင် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ အခမ်း အနားသို့တက်ရောက်ရန် ရန်ကုန်တိုင်းဒေသကြီးမှ ကြွရောက်ကြမည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများ၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့(ဂိုဏ်းစုံ)နှင့် မြို့နယ်သံဃနာယကအဖွဲ့(ဂိုဏ်းစုံ)တို့မှ ဆရာတော်/ သံဃာ တော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၅)နာရီအချိန်က ရန်ကုန်မြို့ ဗဟန်း မြို့နယ် ရေတာရှည်လမ်းဟောင်းနှင့် ကြားတောရလမ်းထောင့်ရှိ တိုင်းသံဃနာယကအဖွဲ့ရုံး (ရန်ကုန်တိုင်း)၌ ကျင်းပ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းဒေသကြီးသာသနာရေးဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဦးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ သည်။


ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့(ဂိုဏ်းစုံ)နှင့် မြို့နယ်သံဃနာယကအဖွဲ့(ဂိုဏ်းစုံ)တို့မှ ဆရာတော်/ သံဃာတော်ကြီး များ စုစုပေါင်းအပါး(၁၃၆)ပါးတို့အား အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သတ်မှတ်ထားသော ခရီးသွား မော်တော်ယာဉ်များဖြင့်  ရန်ကုန်မြို့မှ နေပြည်တော်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)