နမ့်စန်(တ) မြို့တွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်(တ) မြို့တွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်


MNP ၊ ဇူလိုင် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စာပေဝါသနာရှင်များ အသင်း (Book Club) ၏ ပုံမှန်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ်စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်က စာဖတ်ဝိုင်းများ လစဉ်ပုံမှန် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက် ခဲ့ကြသည်။


အဆိုပါ စာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများ တိုးပွားလာစေရန်နှင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက် ခြင်းဖြစ်ကြောင်းနှင့် ယနေ့ စာဖတ်ဝိုင်းဆောင်ရွက်သည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်တွင် လူငယ်များ ဝတ္ထုဖတ်သင့်ကြောင်း၊ ဝတ္ထုဖတ် ခြင်းဖြင့် လူအမျိုးမျိုးအကြောင်းကို သိလာရသည်နှင့် အမျှ စာရေးသူက ပေးသော အသိအမြင်၊ သင်ခန်းစာတို့ကို ရမှန်းမသိရနိုင်ကြောင်း၊ စာကြိုးစားသူချင်း တူလျှင် ဝတ္ထုစသည့် အပြင်စာတွေလည်းဖတ်၊ ကျောင်းစာလည်းဖတ် သော ကလေးက ကျောင်းစာချည်း သက်သက်ဖတ်သော ကလေးထက် ပို၍တော်ကြောင်း စသည်တို့ပါဝင်၍ လူငယ်များ ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း မြို့နယ် ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။


သူရအောင်

https://t.me/MyanmarNationalPost






ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)