ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ တောင်ယာစပါး (၅၅၃) ဧကစိုက်ပျိုးပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ တောင်ယာစပါး (၅၅၃) ဧကစိုက်ပျိုးပြီးစီး



MNP ၊ ဇူလိုင် ၂၇      

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသကျေးရွာများ၌ ၂၀၂၃-၂၀၂၄ ခုနှစ် တောင်ယာမိုးစပါး (၅၅၃) ဧကစိုက်ပျိုး ပြီးစီးပြီး စပါးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။


ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် မိုးရွာသွန်းမှုကောင်းမွန်ပြီး တောင်ယာခင်းများ၌ ဒေသခံ အရှိုချင်း တိုင်းရင်းသားများက ကျောက်ဖရုံ၊ သခွား၊ ငရုတ်၊ ခရမ်းချဉ်၊ ဖရုံ စသည့်ဟင်းသီးဟင်းရွက်များနှင့် တောင်ယာစပါးကို ဝမ်းစာအတွက် ရောနှောစိုက်ပျိုးကြပြီး တောင်ယာစပါးကို ကဆုန်လတွင် ဆူးထိုး၍ မျိုးစေ့ချစိုက်ပျိုးကာ မျိုးများအနေဖြင့် ပေါ်ပေါက်နှင့်ရှမ်းပေါ်မျိုးကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ၅ လခန့်အကြာ တော်သလင်းလတွင် ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်းတင်း ၆၀ ခန့်ထွက်ရှိကြောင်း၊ ရိတ်သိမ်းပြီး စပါးများကို တောင်သူများအနေဖြင့် ရောင်းချခြင်းမပြုဘဲ ဝမ်းစာအတွက်ကြိတ်ခွဲပြီး စားသောက်ကြကြောင်း ပဇီကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။


ယခုနှစ် တောင်ယာမိုးစပါးကို မြို့နယ်အတွင်းရှိတောင်ပေါ်ဒေသ ကျေးရွာများဖြစ်သည့် ကျောင်းကုန်းကျေးရွာတွင် (၇၃) ဧက၊ မင်းလွင် (၃၀) ဧက၊ ပဇီ (၁၀) ဧက၊ လိုင် (၉၅) ဧက၊ နောင် (၁၀၀) ဧက၊ တင်ပြင်း (၇၅) ဧက၊ ပဘဲ (၃၀) ဧက၊ ဂုတ်ကြီး (၁၀) ဧက၊ ဘုံးဘော (၂၅) ဧက၊ ပဘွေး (၃၀) ဧက၊ စွန်တက် (၂၅) ဧကနှင့် လင်းတဲကျေးရွာတွင် (၅၀) ဧက  စုစုပေါင်း (၅၅၃) ဧက စိုက်ပျိုးပြီးစီးပြီး တောင်ယာစပါးသီးနှံများ အောင်မြင် ဖြစ်ထွန်းရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)