MNP ၊ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က လူစည်ကားရာနေရာဖြစ်သည့် မြို့နယ်စည်ပင်သာယာဈေးတွင် ပူးပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ ပလတ်စတစ်လျော့ချရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အမှတ်(၁)စည်ပင်သာယာရေးဈေးတာဝန်ရှိသူများ ပူးပေါင်း၍ ပလတ်စတစ်သုံးစွဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းလျော့ချရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းနည်းလမ်းများ၊ ပြန်လည်အသုံးပြုခြင်းနည်းစနစ်များကို ဈေးရောင်း၊ ဈေးဝယ် မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ကြစေရေးအတွက် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ပလတ်စတစ်အစားထိုးအသုံးပြုနိုင်ရန် စက္ကူအိတ်များဖြန့်ဝေခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق