Pages

Pages

ဘိုကလေးမြို့နယ်မှ ရန်ကုန်မြို့သို့ ဆေးဝါးသွားရောက်ကုသရန် ခက်ခဲနေသော ကလေးလူနာအား သုခဝေဖြာပရဟိတဖောင်ဒေးရှင်းမှ ကူညီလှူဒါန်း


MNP ၊ ဇူလိုင် ၂၄      

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာမှ အသက်(၅)လအရွယ်ရှိသော ကလေးငယ်တစ်ဦးသည် နှလုံးကြီးရောဂါဖြင့် ဘိုကလေးကုတင်(၁၀၀)ဆေးရုံ၌ ဆေးဝါးကုသဆောင်ရွက်လျက်ရှိရာ ကလေးငယ်၏ရောဂါ အခြေအနေအရ ရန်ကုန်ကလေးဆေးရုံသို့ တာဝန်ရှိသူများမှ လွှဲပို့သဖြင့် လူနာရှင်မှ ရန်ကုန် ကလေးဆေးရုံသို့ သွားရောက်ကုသရန် အခက်အခဲရှိသောကြောင့် ဘိုကလေးမြို့၊ အမှတ်(၈) ရပ်ကွက်တွင် တည်ထောင်ဖွင့်လှစ်ထားသည့် သုခဝေဖြာပရဟိတဖောင်ဒေးရှင်းမှ ယနေ့နံနက် (၇)နာရီတွင် ကူညီလှူဒါန်းမှု ဆောင်ရွက်ခဲ့သည်။


လူနာရှင်များအနေဖြင့် ရန်ကုန်မြို့သို့ ဆေးဝါးသွားရောက်ကုသရန် အခက်အခဲရှိသောကြောင့် ဇူလိုင်(၂၁)ရက်နေ့တွင် သုခဝေဖြာပရဟိတဖောင်ဒေးရှင်းသို့ ဆက်သွယ်ပြီး အကူအညီ တောင်းခံခဲ့ရာ သုခဝေဖြာပရဟိတဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်မှ စေတနာရှင်များအား ကမကထပြု၍ ကူညီလှူဒါန်းနိုင်ပါရန် နှိုးဆော်ခဲ့သဖြင့် စေတနာရှင် အများပြည်သူများ၏ ကူညီလှူဒါန်းမှုများကြောင့် ယနေ့နံနက်တွင် ကလေးလူနာ၏ဖခင်ထံသို့ ရန်ကုန်မြို့သို့ သွားရောက်ရန် ကားဆီဖိုးငွေ (၁)သိန်းကျပ်၊ ဆေးကုသစရိတ်(၁)သိန်းကျပ်၊ စုစုပေါင်းငွေကျပ် (၂)သိန်း လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق