နတ်မောက်မြို့နယ်တွင် မိုးစပါးလျာထားဧက (၂၄၆၀၇) ဧက သတ်မှတ်စိုက်ပျိုးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ်တွင် မိုးစပါးလျာထားဧက (၂၄၆၀၇) ဧက သတ်မှတ်စိုက်ပျိုးသွားမည်



MNP ၊ ဇူလိုင် ၂၇      

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မိုးစပါးလျာထားဧက(၂၄၆၀၇) ဧက သတ်မှတ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။


နတ်မောက်မြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရေကို အစိုးရဆည်ရေသောက်တွင် (၂၉၅၇)ဧက၊ ဆည်ငယ်ကန်ငယ်တွင်(၂၀၇၃)ဧက၊ စုစုပေါင်း ရေရရှိနိုင်သောနေရာ (၅၀၃၀)တွင် မိုးစပါးတစ်ဧက ပန်းတိုင်ထွက်နှုန်းတင်း ၁၀၀ ထွက်ရှိရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်စီအဖွဲ့ဝင်များနှင့် မိုးစပါးစိုက်တောင်သူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာပေး ကွင်းဆင်းဝန်ထမ်းများက ကျေးရွာများအရောက် တောင်သူများနှင့် တွေ့ဆုံကာ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရန် ပညာပေးခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို အချိုးကျတွဲဘက်အသုံးပြုတတ်စေရန် ပညာပေးခြင်း၊ သဘာဝပိုးသတ်ဆေးများ ပိုမိုအသုံးပြုဆောင်ရွက်လာနိုင်စေရေး တို့အတွက် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)