Pages

Pages

ပေါင်မြို့နယ် ၊လူထုအခြေပြုဗဟိုဌာန၌စာဖတ်ဝိုင်းပြုလုပ်


MNP ၊ ဇူလိုင် ၂၆      

မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community. Centre)ခန်းမ၌ယနေ့ နေ့လယ်(၁၂)နာရီကဝန်ထမ်းများလုပ်ငန်းခွင် အရည်အသွေး မြင့်မားစေရန် ၊မိမိတို့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရေးသားသည့် ဝန်ထမ်းကျင့်ဝတ် စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး  ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က ဝန်ထမ်းကျင့်ဝတ် အခန်း(၄)မှ အခြေခံအခွင့်အရေးများ၊တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြုသောခံစားခွင့်များ၊ခွင့်အမျိုးအစားများ၊စာကြည့်တိုက်လက်ထောက်- ၃   ဒေါ်မိယဉ်ယဉ်မွန်က ကူးပြောင်းချိန်ကာလ၊ခရီးစရိတ်၊ချီးမြင့်ငွေနှင့်အခကြေးငွေ၊ဝန်ထမ်းအဖြစ်မှအလိုအလျှောက်ရပ်စဲခြင်းတို့ကိုဝန်ထမ်းများနှင့်အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။


ပေါင်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်အရည်အ‌သွေး ပြည့်ဝစေရန် ဝန်ထမ်း စာဖတ်ဝိုင်းများကို လစဥ်(၂)ကြိမ်   ပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق