Pages

Pages

အမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားမှုမရှိစေရေးကာကွယ်ရေးလုပ် ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်






MNP ၊ ဇူလိုင် ၂၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင် အမ်းမြို့နယ် ၌ သွေးလွန်တုပ်ကွေးရောဂါ​​ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်ရေးလုပ် ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇) နာရီအချိန်က အမှတ်(၃)စျေးရပ်ကွက်နှင့်လေယာဥ်ကွင်းရပ်ကွက်တို့၌ရပ်ကွက်တစ်ခု နှစ်စုစီခွဲ၍  ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။


မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယဦးစီးမှူးများနှင့်ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်မိခင်နှင့်ကလေး စောင့် ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ် ကွက်နေပြည်သူများ ပူးပေါင်းပါဝင်ပြီး အဆိုပါ ရပ်ကွက်များရှိ လူနေအိမ်များနှင့် အနီးအနားပတ်ဝန်းကျင်တွင် ရှိသော တာယာအဟောင်းများနှင့် ရေဆိုးများ၊ ရေအိုင်များကို ခြင်ပေါက်ပွားခိုအောင်းမှု မရှိစေရန် ရှင်းလင်းခြင်း၊ ရေသိုလှောင်ထားသော ရေအိုးများ၊ ရေပုံးများ၊ အုတ်ရေကန်များကို အဘိတ် ဆေးခပ်ခြင်းစသော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။


 အဆိုပါ လုပ်ငန်းကို အပတ်စဉ်  စနေ၊ တနင်္ဂနွေနေ့ နှင့်ဗုဒ္ဓဟူးနေ့များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍တပ်တောင်မြို့၌ အမှတ် (၃)ရပ်ကွက်တွင်မြိုအုပ်ချုပ်ရေးမှုးဦးပြည့်ဖြိုးဦးဆောင်၍အမှတ်(၃)ရပ် ကွက်အုပ်ချုပ်ရေးမှုး၊ရပ်ကျေးစာရေး၊မြို့စည်ပင်သာယာ​ရေးအဖွဲ့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ကျေးလက်ကျန်းမာရေးဌာနတို့ပူးပေါင်းကာသွေးလွန်တုတ်ကွေးရောဂါဖြစ်ပွါးမှုမရှိ​စေရန် ဖုန်း ၊သွန် ၊ လဲ, စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ သုံးရေတွင် ပိုး​လောက်လန်းများမရှိ​စေ​ရေးအတွက် အဘိတ်​ဆေး ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost 




ليست هناك تعليقات:

إرسال تعليق