ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၆၈၃ဦးအတွက် လူမှုရေးပင်စင် ငွေကျပ် ၅၀၄,၉၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၆၈၃ဦးအတွက် လူမှုရေးပင်စင် ငွေကျပ် ၅၀၄,၉၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ်





MNP ၊ ဇူလိုင် ၂၉   

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီ၊မေ၊ ဇွန် (ပထမသုံးလပတ်)အတွက်၊ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းအခမ်းအနားကို၊ ယနေ့နံနက် ၉ နာရီခွဲအချိန်က၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စကာဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားရာ၌ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးအပ်ရာတွင် မိမိတို့ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအလိုက် ကာယကံရှင် အဘိုး/အဘွားများထံ လက်ဝယ် အရောက် ပေးအပ်ထောက်ပံ့သွားကြရန်နှင့် အသက်ပြည့်မီသည့် အဘိုးအဘွားများရှိပါက သတ်မှတ်ရက်အမီ စာရင်းပေးသွင်းကြရန်၊ ကွယ်လွန်သူများရှိပါကလည်း စာရင်းပယ်ဖျက်နိုင်ရေး အသိပေးအကြောင်းကြားကြရန် တို့ကို ပြောကြားသည်။


ဆက်လက်၍ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်ဇင်ခိုင်က သက်ကြီးဘိုးဘွား များစာရင်းပေးသွင်းရာတွင် ရေးသွင်းရမည့် ပုံစံအသစ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ထောက်ပံ့ငွေကြေးများကို မပျောက်မပျက်အောင် ထိန်းသိမ်းယူဆောင်သွားကြရန်နှင့် လက်ဝယ်အရောက်ပေးအပ်ပေးကြရန် တို့ကို ဆွေးနွေးမှာကြားသည်။


ယင်းနောက် ဦးစီးအရာရှိ ဒေါ်ဇင်ဇင်ထိုက်က ပထမသုံးလ အတွက် ထောက်ပံ့ငွေ ကျပ် ၅၀၄,၉၀၀၀၀ ကျပ်ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးသန်းလွင်ထံ လွှဲပြောင်းပေးအပ်ပြီး၊ မြို့နယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


ယနေ့ထောက်ပံ့ရာတွင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား ၁၆၈၃ ဦးအတွက် ၂၀၂၃ ခုနှစ်  ဧပြီ၊ မေ၊ဇွန် ၃ လစာ စုစုပေါင်းငွေကျပ် ၅၀၄,၉၀၀၀၀ ကျပ်ကိုထောက်ပံ့ခြင်းဖြစ်ကြောင်းသိရပြီး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဆက်လက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သွား မည်ဖြစ်ကြောင်းသိရပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အတွင်းရေးမှူး ရဲမှူး မျိုးမင်း၊ ညောင်ဦးခရိုင်လူမှူဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ စုစုပေါင်း ၂၃၈ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)