Pages

Pages

ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ





MNP ၊   ဇူလိုင် ၆

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအနေဖြင့် ရမ်းဗြဲမြို့ အထက(၁)၌ ကျောင်းသား ကျောင်းသူများ  စာစီစာကုံး၊ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်း ဦးနှင့် ဆရာ ဆရာမများက လိုက်လံကြည့်ရှု အားပေးကြသည်။


အဆိုပါ ပြိုင်ပွဲ၌ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်     `လေးမြတ်ဂုဏ်ရည် အာဇာနည်´ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် `သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည်´ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ဆောင်းပါးပြိုင်ပွဲတွင် `အာဇာနည်နေ့နှင့်အမျိုးသားရေးတာဝန် ´ခေါင်းစဥ်ဖြင့်လည်းကောင်း၊  အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်     `မမေ့စဥ်လာ အာဇာနည်နေ့ အချိန်အခါ´ခေါင်းစဥ်ဖြင့်လည်းကောင်း၊ကဗျာ ပြိုင်ပွဲတွင် `အာဇာနည်မြတ် မမေ့အပ်´ခေါင်းစဉ်ဖြင့်လည်းကောင်း၊မူလတန်း       အဆင့် စာစီစာကုံးပြိုင်ပွဲတွင် `တို့များ မမေ့နိုင် ၁၉ ဇူလိုင်´ ခေါင်းစဥ်ဖြင့် ​လည်းကောင်း ကျောင်းသား ကျောင်းသူ စုစုပေါင်း (၇၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


အောင်တင်ကြည်

 https://t.me/MyanmarNationalPost





No comments:

Post a Comment