ကံမမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကံမမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ





MNP ၊ ဇူလိုင် ၂၆      

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြု ဗဟိုဌာန)၌ ယမန်နေ့ နေ့လယ် (၃) နာရီက စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းနှင့် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း”  စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က စာဖတ်ဝိုင်း ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုး သူများ အသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဝင်းကစာဖတ်ဝိုင်းဆွေးနွေးခြင်းကြောင့် တစ်ဦးနှင့် တစ်ဦး စာပေမှရရှိသော သုတရသဗဟုသုတ များပြန်လည်မျှဝေခြင်းဖြင့် စာပေ၏ အနှစ်သာရများ ရရှိကြောင်းနှင့် စာရေးဆရာဒေါက်တာခင်မောင်ညို၏  “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်မှ “အောင်မြင်ခြင်းအတွက်တည်ဆောက်ယူခြင်း”ခေါင်းစဉ်အား လည်းကောင်း၊ ဒေါ်အေးအးမွန်က “လူငယ်နှင့် စူးစမ်းလေ့လာမှုများ”၊ ဒေါ်ခင်မာမျိုးက “ပညာရေးအစ စာအုပ်များဖြင့်အစပြုပါ”၊ ဦးအောင်ထွေးမြင့်က “လူမျိုးမြင့်ဖို့ စာဖတ်စို့” အစရှိသည့် ခေါင်းစဉ်များအား ဦးဆောင်ဆွေးနွေး ပြောကြားကြရာ တက်ရောက်လာသော စာပေချစ်မြတ်နိုး သူများအဖွဲ့မှ မိမိတို့အတွေး အမြင်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


ကျော်ဇေယျဝင်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)