Pages

Pages

ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်အထက်အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့


MNP ၊ ဇူလိုင် ၂၅      

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့်‌‌ ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သစ်လေးလုံးကျေးရွာအတွင်းရှိ အဘိုးအဘွားများအား သွားရောက်ထောက်ပံ့ခဲ့သည်။


အဆိုပါ ထောက်ပံ့ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ရာတွင် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာ ကျပ်သုံးသောင်းတိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မျိုးသီဟ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق