Pages

Pages

ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်း ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရ


MNP ၊ ဇူလိုင် ၂၅

KNU/PDFအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးလိုက်ခြင်းကြောင့် ပျက်စီးခဲ့သော တံတားအား ပြန်လည်ပြုပြင်ပြီး  ယနေ့၂၅-၇-၂၀၂၃ ရက်နေ့တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်၏ ဘုရားဖူးတောင်တက်ကားလမ်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုးဘုရားတောင်တက်ကားလမ်းရှိ တံတားကို ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမား ၃ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

KNU အကြမ်းဖက်အဖွဲ့ဝင်တချို့သည်  ဘာသာရေးအစွန်းရောက်များဖြစ်ပြီး ယခင်ကလည်း ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများကို ပစ်မှတ်ထား၍ တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြဖူးသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق