Pages

Pages

ကနီမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးလျက်ရှိကြောင်း သိရ



MNP ၊ ဇူလိုင် ၂၇

 COVID ၁၉ ရောဂါပြန်လည်ဖြစ်ပွားခြင်း ကြိုတင်ကာကွယ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက   မြို့နယ်စည်ပင်သာယာ‌ဈေးတွင်  Mask များအခမဲ့ဖြန့်ဝေခြင်းနှင့် မြို့နယ်စည်ပင်သာယာဈေးထောင့်တွင် တန်ဖိုးသင့်စားသောက်ကုန်များကို တာဝန်ရှိသူများက ရောင်းချပေးလျက်ရှိကြောင်း  သိရသည်။ 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက COVID ၁၉ ရောဂါ ဖြစ်ပွားခြင်းမှ ပြည်သူများအနေဖြင့် ရောဂါကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ ရှိရေးတို့အတွက် ကျန်းမာရေးအသိပညာပေးခြင်းများနှင့် စည်ပင်သာယာဈေးတွင် ပြည်သူများအား  Mask များ အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

ထို့နောက် ပြည်သူများ မည်သူမဆိုဝယ်ယူနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာဈေးထောင့်တွင်  တန်ဖိုးသင့်စာသောက်ကုန်များကို ခင်းကျင်းရောင်းချရာ ပြည်သူများ လာရောက်ဝယ်ယူနေမှုကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဝေစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်သက်နိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  တန်ဖိုးသင့်စား‌‌သောက်ကုန်များ‌ရောင်းချခြင်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်များကို ဒေသပေါက်ဈေးနှုန်းထက်လျော့ချ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။ 


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق