Pages

Pages

ဘူးသီးတောင်မြို့နယ်၊ ဒုံသိမ်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


MNP ၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံသိမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေ ခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၃၀၈ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က မျက်စိရောဂါ၊ အရေပြား ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق