Pages

Pages

ခန္တီးမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်



MNP ၊ ဇူလိုင် ၂၆      

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မပြန့်ပွားရေးနှင့် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများဖြစ်သော (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများ၊ အဘိတ်ခတ်ခြင်း လုပ်ငန်းများကို မြို့မရပ်ကွက်၌ ယနေ့ နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့မရပ်ကွက်၊ အိမ်ခြေ (၆၂၀)အား တစ်အိမ်တက်ဆင်း (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများ၊ အဘိတ်ခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မိုးရာသီကာလဖြစ်၍ ပြည်သူများ သွေးလွန်တုပ်ကွေး ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق