MNP ၊ ဇူလိုင် ၃၀
ကောလင်းမြိုနယ်၊ တံစူးရွာအနီး လုံခြုံရေးတပ်ဖွဲ့များ က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ဇူလိုင်လ ၂၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် PDF အကြမ်းဖက် သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ PDF အလောင်း ၂ လောင်း၊ Baofeng အမျိုး အစား အိုင်ကွန် ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။
NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများသည် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့်အချိန်မှစ၍ တော်လှန်ရေးဟု ခေါင်းစဉ်တပ်ကာ အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ခဲ့ရာ ၂နှစ်ခွဲကျော် ကာလအတွင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၁၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။
NLD ပါတီသည် ဥပဒေနှင့်အညီ ဆက်လက်ရပ်တည်ခြင်းမရှိသောကြောင့် ဖျက်သိမ်းခံခဲ့ရပြီးဖြစ်ရာ NLD အစွန်းရောက် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့ဝင်များ၏ လက်ချက်ဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ သေဆုံးရသည့်အဖြစ်မျိုး ထပ်မံမကြုံတွေ့စေရန် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများက ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သြဇာခံ PDF အကြမ်းဖက်သမားများကို အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးရန် မျှော်လင့်နေကြသည်။
#MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق