ကလိန်အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ပဲတိုင်ထောင်စိုက်ပျိုးခြင်းဖြစ် အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလိန်အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ပဲတိုင်ထောင်စိုက်ပျိုးခြင်းဖြစ် အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိ

 




MNP ၊ ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပဲတိုင်ထောင်စိုက်ခင်းများကို စိုက်ပျိုးကြရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းပြီး မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးကာ အပိုဝင်ငွေရရှိပြီးစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ပဲတိုင်ထောင်စိုက်ပျိုးရောင်းချသူ ကိုဟန်စိန်ထံမှ သိရသည်။ 


"ပဲတိုင်ထောင်များကို နှစ်ရက်လျှင်တစ်ခါ တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီ ခူးဆွတ်ရောင်းချရ‌ပါတယ်၊တစ်နေ့လျှင် ငွေကျပ် ၁၂၀၀၀ ကျော်ရရှိကာ တစ်လလျှင် ငွေကျပ်(၂)သိန်းနီးပါလောက်ရရှိ ၍ စိုက်ပျိုးပြီးရောင်းချသည့်အခါ သီးနှံပင်များမှာ ဖြစ်ထွန်းသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချရပြီး မိသားစုများ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိပါတယ်" ဟု ပဲတိုင်ထောင်စိုက်ပျိုးရောင်းချသူ ဦးဟန်စိန်ကပြောသည်။


အဆိုပါ ပဲတိုင်ထောင် စိုက်ခင်းများကို မိုးတွင်ကာလ မိုးဦးရာသီမှ စတင်ကာ စိုက်ပျိုးပြီး ရောင်းချကာ အတောင့် (၁ဝ)လုံးစည်းတစ်စည်းကို ငွေကျပ် ‌၃၀ဝ ရောင်းချရပြီ အတောင်(၁၀၀)စည်းတစ်စည်းကို ၂၀၀၀ ကျပ် ရောင်းချရပြီး အခြားသီးနှံများလည်း စိုက်ပျိုးရာငရုတ်၊ ချဉ်ပေါင်း၊ ခရမ်းသီးများပါ စိုက်ပျိုးထားကြသည်။ ကလိန်အောင်မြို့သည့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပဲတိုင်‌ထောင်ကို တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံပင်များ စိုက်ပျိုးကြပြီး အချို့က မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို အချို့က စီးပွားဖြစ်စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း ဒေသခံ ပဲတိုင်ထောင်စိုက်ပျိုး ရောင်းချသူများက ပြောသည်။ 


ခင်ခင်လဲ့ 

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)