မာန်အောင်မြို့နယ်တွင်စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့နယ်တွင်စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိ




MNP ၊ ဇူလိုင် ၂၅      

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ဝကျေးရွာအုပ်စု၊သစ်ဝကျေးရွာဘုန်းတော်ကြီးကျောင်း၌ နိုင်ငံရေးစစ်ကြောင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယနေ့‌နံနက်(၁၀)နာရီက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံခဲ့ကြသည်။


   ထိုသို့တွေ့ဆုံရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးကျော်စိုးဦးမှ မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ ပညာရေး၊အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး၊ စည်းရုံးရေးကိစ္စ စသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်  လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။ 


   ဆက်လက်၍ နိုင်ငံရေးစစ်ကြောင်းတွင် ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်  အစီအစဥ်များကို  ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်စိုးဦးနှင့်သက်ဆိုင်ရာဌာန ဆိုင်ရာများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost






ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)