Pages

Pages

တန့်ယန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဘင်ခရာလေ့ကျင့်သင်ကြား


MNP ၊ ဇူလိုင် ၂၅      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အခမ်းအနားများတွင် အသုံးပြုနိုင်ရန် ကျောင်းသားလူငယ်ဘင်ခရာသင်တန်းကို ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ကျောင်းသား၊ ကျောင်းသူများ စာပေ၊ ဂီတ၊ အနုပညာ၊ အားကစား စသည့် ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အဆိုပါ ကျောင်းသားလူငယ်ဘင်ခရာသင်တန်းအား အပတ်စဉ် စနေ၊ တနင်္ဂနွေရက်များတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန် ဦးဆောင်မှုဖြင့် နည်းပြဆရာ နှစ်ဦးနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ လေ့ကျင့်သင်ကြားပေးရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


မင်းလွင်ဦး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق