၂၀၀၀၀ ကျပ်တန် ငွေစက္ကူသစ် ဘာကြောင့်ထုတ်တာလဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၀၀၀ ကျပ်တန် ငွေစက္ကူသစ် ဘာကြောင့်ထုတ်တာလဲ



မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၃-၇-၂၀၂၃ ရက်နေ့ ရက်စွဲဖြင့် ၂၀၀၀၀ ကျပ်တန် ငွေစက္ကူအသစ်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ(၃၁) ရက်နေ့ မှာ ထုတ်ဝေသွားမယ်လို့ ကြေညာထားပါတယ်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပမှုအား ပြသရန်၊ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန် တိုင်းပြည်နှင့် ကမ္ဘာကြီးအေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်တည်ဆောက်ထားသည့် "မာရဝိဇယ" ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောင်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ "ရဋ္ဌနန္ဒက" ၏ တစ်နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ "နှစ်သောင်းကျပ်တန်" ငွေစက္ကူအမျိုးအစားသစ်ကို ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။


ထုတ်ပြန်ချက်မှာ ၂၀၀၀၀ ကျပ်တန်ကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်းပြီး လှည့်လည်သုံးစွဲရန် မသင့်သော ငွေစက္ကူအမျိုးအစား အသီးသီးတို့နှင့် တန်ဖိုးတူ လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ကနဦးအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် - နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့တွင် ဟောင်းနွမ်းငွေစက္ကူများနှင့် တန်ဖိုးတူ လဲလှယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။


ဒီနေရာမှာ အများပြည်သူကို မြန်မာနေရှင်နယ်ပို့စ် အနေနဲ့ အထူး သတိပေးချင်တာကတော့ နိုင်ငံတော်က ထူးခြားတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်တိုင်း ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ က ပေါက်ကရ ပေါက်ပန်းစေး လုပ်ကြံ ဖန်တီး ရေးသားဖော်ပြမှုတွေနဲ့ အများပြည်သူ အထင်လွဲ အမြင်မှားဖြစ်အောင် လုပ်ကြလေ့ ရှိပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ၊ ပြည်ဖျက် မီဒီယာတွေရဲ့ ပေါက်ကရ ပေါက်ပန်းစေ ရေးသားလှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး ဥပဒေနဲ့မလွတ်ကင်းတဲ့ ရေးသားလှုံ့ဆော်မှုတွေ မလုပ်မိကြဖို့လည်း သတိပေးလိုပါတယ်ဗျာ။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိတရားဝင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။


၂၀၀၀၀ ကျပ်တန် ငွေစက္ကူသစ်ကို ထုတ်ဝေရခြင်းကတော့ "မာရဝိဇယ" ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောင်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ "ရဋ္ဌနန္ဒက" ၏ တစ်နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် ထုတ်ဝေခြင်းဖြစ်ကြောင်း သိရှိနားလည်ကြဖို့ လိုအပ်ပါတယ်။


#MyanmarNationalPost







ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)