မအီမြို့၌ လက်ကိုင်ဖုန်း ခိုးယူထားရှိသူ(၂)ဦးအား ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့၌ လက်ကိုင်ဖုန်း ခိုးယူထားရှိသူ(၂)ဦးအား ဖမ်းဆီးရမိ



MNP ၊ ဇူလိုင်   ၃၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မအီနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မျိုးဇင်ယုနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလေး၊ အမှတ်(၁) ရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းလှိုင်တို့ လိုက်ပါလျက် ဇူလိုင်(၁၁)ရက် နေ့ ညလှည့်ကင်းဆောင်ရွက်နေစဉ် ည(၁၀)နာရီခွဲအချိန့်ခန့်တွင် အမှတ်(၁)ရပ်ကွက်နေသူ မျိုးမင်းနိုင် အသက်(၂၂)နှစ်၊ (ဘ) ဦးလှထွန်းအောင်အား မသင်ခါဖွယ်ရာ တွေ့ရှိရသဖြင့် မအီနယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်ထားသည့် Redmi အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းမှာ လွန်ခဲ့သော(၁)လခန့်က အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူ့ဆောက်လုပ်ရေးဝင်း(ပြင်ဝန်းစခန်း)နေအိမ်မှ ခိုးယူထားရှိခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။


အဆိုပါ ဖုန်းခိုးယူခဲ့သူ မျိုးမင်းနိုင်အား ဥပဒေနီင့်အညီ အရေးယူပေးပါရန် ဒုရဲအုပ်မျိုးဇင်ယုက တိုင်တန်းလာသဖြင် မအီနယ်မြေရဲစခန်းမှ (ပ)၄/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ညလှည့်ကင်းအဖွဲ့သည် ယမန်နေ့ ည(၉)နာရီခန့်က ညလှည့်ကင်း ဆက်လက်ဆောင်ရွက်နေစဉ် အမှတ်(၁)ရပ်ကွက်နေသူ မောင်တင်လှိုင်၊ အသက်(၃၈)နှစ်၊ (ဘ) ဦးကျော်လှအောင်အား မသင်ခါဖွယ်ရာ တွေ့ရှိရသဖြင့် မအီနယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်ထားသည့် Redmi အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းမှာ လွန်ခဲ့သော(၁၅) ရက်ခန့်က အမှတ်(၁)ရပ်ကွက်၊ ရာဇသိဒ္ဓိလမ်းရှိ နေအိမ်ပေါ်မှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ လက်ကိုင်ဖုန်းခိုးယူသူ မောင်တင်လှိုင် (၃၈)နှစ်အား ဥပဒေနီင့်အညီ အရေးယူပေးပါရန် ဒုရဲအုပ်မျိုးဇင်ယုက တရားလိုပြု တိုင်တန်းလာသဖြင် မအီနယ်မြေရဲစခန်းမှ (ပ)၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။


ဖော်ပြပါ ဖုန်းခိုးမှုများနှင့် ပတ်သက်၍ တရားလိုသက်သေများ စစ်ဆေးခြင်း၊ တရားခံ မျိုးမင်းနိုင်(၂၂)နှစ်နှင့် တရားခံမောင်တင်လှိုင်(၃၈)နှစ်တို့အား ဖမ်းဆီးစစ်ဆေးခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်း၊ ချုပ်မိန့်ရီမန်ရယူ၍ ဆောင်ရွက်လျက်ရှိပြီး ကျန်ရဲလုပ်ငန်းများ ပြည့်စုံအောင် ဆောင်ရွက်၍ ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မအီနယ်မြေရဲစခန်းမှ သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)