Pages

Pages

၁၃၁ ကြိမ်မြောက် မဲခေါင်မြစ်အတွင်းပူးတွဲကင်းလှည့်ခြင်းစတင်


ကူမင်း၊ ဇူလိုင် ၂၇ 

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၁၃၁ ကြိမ်မြောက် မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်ခြင်းကို ဇူလိုင်၂၅ ရက်တွင်စတင်ခဲ့ပြီး စစ်ဆင်ရေးတွင် ပါဝင်သည့် သင်္ဘောခြောက်စီးတို့သည် တရုတ်၊ လာအိုနှင့် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းလေးခုမှ ထွက်ခွာခဲ့ကြကြောင်း သိရသည်။

မဲခေါင်မြစ်ကြောင်းတစ်လျှောက် ဘေးကင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နောက်ဆုံးကင်းလှည့်မှုအား  အလေးထားလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ပူးတွဲကင်းလှည့်နေစဉ်အတွင်း အမှုများအား အသေးစိတ်စစ်ဆေးခြင်း၊ မူးယစ်ဆေးဝါးဖမ်းဆီးခြင်း၊ ပူးပေါင်းစစ်တမ်းကောက်ယူခြင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မဲခေါင်မြစ်ဝှမ်းဒေသ လုံခြုံရေးအခြေအနေများကို လေ့လာသုံးသပ်ရန်၊ အကဲဖြတ်ဆန်းစစ်ရန်နှင့် မကြာမီကာလအတွင်း အဓိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် ထိုင်းနိုင်ငံ Chiang Saen မြို့၌ သတင်းအချက်အလက် ဖလှယ်ရေး အစည်းအဝေးကိုလည်း ကျင်းပမည်ဖြစ်သည်။ 

တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟု လူသိများသော မဲခေါင်မြစ်သည် နယ်စပ်ဖြတ်ကျော် သင်္ဘောတင်ပို့မှုအတွက် အရေးပါသော ရေကြောင်းထွက်ပေါက်တစ်ခု ဖြစ်သည်။ လေးနိုင်ငံတို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစ၍ မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ခြင်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Ref - ဆင်ဟွာ

#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق