Pages

Pages

မာန်အောင်မြို့ မြို့မကျောင်းကြီးဦးစီးပဓာနနာယက လွန်တော်မူဆရာတော်(ဘဒ္ဒန္တဣဿရိယ)၏(၁)နှစ်ပြည့်အထိမ်း အမှတ်ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲကျင်းပ





MNP ၊ ဇူလိုင် ၂၇      

  ရခိုင်ပြည်နယ် မာန်အောင်မြို့  မြို့မကျောင်းကြီး၏ ဦးစီးပဓာန နာယက၊အနန္တဂိုဏ်းဝင်ကျေးဇူးရှင်လွန်တော်မူဆရာတော်ကြီး(ဘဒ္ဒဣဿရိယ)၏(၁)နှစ်ပြည့်အထိမ်းအမှတ်ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲအခမ်းအနားကိုယနေ့နံနက်၈နာရီခွဲက အဆိုပါကျောင်း၌ကျင်းပခဲ့သည်။


  ရှေ့ဦးစွာ အခမ်းအနားကို ကြွရောက်လာကြသောသံဃာတော်များနှင့် တရားနာပရိတ်သတ်များက``နမောတဿ´´သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီးပရိတ်သတ်များက မောင်းမကံကျောင်း ဆရာတော်ဘဒ္ဒန္တဥတ္တရထံမှငါးပါးသီလခံယူ ဆောက်တည်ကြသည်။


   ထို့နောက် သံဃာတော်များကပရိတ်တရားတော်များကို ချီးမြှင့်ကြပြီး မောင်းမကံကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရထံ မှလွန်တော်မူဆရာတော်ကြီး၏ အောက်မေ့ဖွယ်ရာ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်ကျေးဇူးတော်များနှင့်သာဓုအနုမောဒနာတရားတော်မြတ်ကို နာယူ၍လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကာအခမ်းအနားကို``ဗုဒ္ဓသာသနံစိရံတိဋ္ဌတု´´သုံးကြိမ်ရွက်ဆိုအခမ်းအနားပြီးဆုံးခဲ့ကြောင်းသိရသည်။



ဦးသိန်းဖေ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق