နမ္မတူတွင် ရာသီပေါ်အစားအစာ ဝါးရုံမှိုရှာဖွေရောင်းချသည့် တောင်သူများ မိသားစုအပိုဝင်ငွေ ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူတွင် ရာသီပေါ်အစားအစာ ဝါးရုံမှိုရှာဖွေရောင်းချသည့် တောင်သူများ မိသားစုအပိုဝင်ငွေ ရရှိ


MNP ၊ ဇူလိုင်   ၃၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဟင်းအဖြစ် ကြော်စား၊ ချက်စား၍ စားရသော ရာသီပေါ်အစားအစာ ဝါးရုံမှိုရှာဖွေရောင်းချသည့် တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


အဆိုပါ တောင်ပို့မှိုများသည် နှစ်စဉ် မိုးရာသီကာလတွင် တောင်ယာခြံများနှင့် တောတွင်းရှိ ဝါးရုံများအနီးတွင် ပေါက်ရောက်လျက်ရှိသောကြောင့် မှိုရှာဖွေသည့် တောင်သူများအနေဖြင့် အဆိုပါနေရာများတွင် မှိုများ ရှာဖွေ နှုတ်ယူရရှိသည်။


ဝါးရုံမှိုများသည် တစ်ပုံလျှင် ငွေကျပ် ၅၀၀ ကျပ်ဖြင့် ရောင်းချရပြီး တစ်နေ့လျှင် မှိုရှာဖွေသည့် တောင်သူများအနေဖြင့် နေ့စဉ် ဝင်ငွေကျပ် ၁၀၀၀၀ ကျပ်ခန့်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း မှိုရှာဖွေရောင်းချသည့် တောင်သူတစ်ဦးထံက သိရသည်။


လူမော်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)