Pages

Pages

အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ကို ပြည့်ဝစွာ အကောင်အထည်ဖော်ရန် မျှော်မှန်းပါကြောင်း ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား




MNP ၊ ဇူလိုင် ၂၄

ဘရပ်ဆဲမြို့၊ ဥရောပသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအဖွဲ့ရုံးတွင် ၂၀-၇-၂၀၂၃ က ကျင်းပသည့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (၅) နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား၌ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် မှ   ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများအားလုံး ကိုယ်စား တက်ရောက် အမှာစကားပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီးက အင်ဒို-ပစိဖိတ်ဒေသ အရေးကိစ္စများ၌ အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် အာဆီယံဒေသနှင့် ထိစပ်ပတ်သက်နေသော နိုင်ငံများအားလုံးပါဝင်သည့် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုတစ်ရပ် ပေါ်ပေါက်လာရေးတွင် အာဆီယံ၏ အခန်းကဏ္ဍကို  ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှု၊  အာဆီယံ၏ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ယန္တရားများဖြစ်သည့် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်မှုများနှင့် အကြမ်းဖက်တိုက်ဖျက်ရေး နယ်ပယ်များ၌ ရုရှားနိုင်ငံ၏ တက်ကြွစွာ ထိတွေ့ဆက်ဆံမှုများ စသည့် အချက်များသည် ဒေသနှစ်ခုတည်ငြိမ်ရေးနှင့် ပေါကြွယ်ဝရေးတို့အတွက် မောင်းနှင်အားတစ်ရပ်ဖြစ်သည်ကို သက်သေပြသခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ကို ပြည့်ဝစွာ အကောင်အထည်ဖော်ရန် မျှော်မှန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းဧည့်ခံပွဲသို့ ဘရပ်ဆဲလ်မြို့ အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် ဥရောပသမဂ္ဂဆိုင်ရာ ရုရှားအဖွဲ့ရုံး ယာယီအမြဲတမ်းကိုယ်စားလှယ်နှင့် ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ ရုရှားသံရုံး တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق