မအီမြို့၌ စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့၌ စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်






MNP ၊ ဇူလိုင် ၂၇      

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျေးရွာအုပ်စုများအတွင်း စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ယခုနှစ်၊ မိုးရာသီတွင် လယ်ယာမြေများ အချိန်မီထွန်ယက်ပြီး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ မအီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အကျိုးဆောင်တောင်သူ ဦးမောင်ဝင်းတင်၏ ဆင်းသွယ်လတ်မျိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းသို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ ဥက္ကဌ ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့်အဖွဲ့ က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ အတွင်းရေးမှူး၊ မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်စိုးမင်းက  Rs - Cs မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုများ၊ ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးရန် ပျိုးထောင်ထားသည့် စပါးပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုတို့အား စိုက်ပျိုးရေးကြီးကြပ်အဖွဲ့အား ပြသခဲ့သည်။  ထို့နောက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဌ ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက  မိုးစပါး တစ်ဧက ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားသည့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များနှင့်အညီ ကောက်ကွက်ပြည့်မီစွာ စိုက်ပျိုးနိုင်‌ရေးနှင့် သွင်းအားစုများ အချိန်ကိုက်အချိုးကျ အသုံးပြုနိုင်ရေးတို့ကို အကျိုးဆောင် စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ၍ ကြီးကြပ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မိုးစပါးကို(၃၀၃၅၀)ဧကနှင့် မိုရာသီ သီးနှံမျိုးစုံဧက (၃၁၈၆၇)ဧက စိုက်ပျိုးထားရှိပြီး ယခုနှစ်မိုးရာသီတွင် မိုးစပါးအထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်စိုးမင်းက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)