Pages

Pages

မိုင်းကိုင်မြို့နယ်၌ စွန့်ပစ်ပစ္စည်းဖြင့် ပန်းစိုက်အိုးပြုလုပ်နည်းသင်တန်းဖွင့်လှစ်




MNP ၊ ဇူလိုင် ၂၅      

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်၌ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်း ကျင်ညစ်ညမ်းမှုမရှိစေရန်၊ ငွေကုန်ကြေးကျသက်သာစွာဖြင့်  လူ့အသုံးအဆောင်ပစ္စည်းများအဖြစ် ပြန်လည် အသုံးပြုတတ်စေရန် ရည်ရွယ်၍  ယမန်နေ့ ညနေ ၃ နာရီက  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန(Community Centre)၌ စွန့်ပစ်ပစ္စည်းဖြင့်ပန်းစိုက်အိုးပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင် ကြားပေးခဲ့သည်။


ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်နန်းလှိုင်လှိုင်ဦး က  စွန့်ပစ်ပစ္စည်းများ ဖြစ်သည့်  အိမ်အသုံးအဆောင်၊ အဝတ်အထည်များကို အိမ်အလှဆင်ပစ္စည်းများအဖြစ် ပြန်လည်အသုံးချနိုင်ပုံ၊  အသုံးမပြုတော့သည့် အဝတ်အထည်များနှင့် ဘိလပ်မြေ တို့ကို ရောစပ်၍ အိမ်အသုံး အဆောင်ပြုလုပ်နိုင်ပုံများကို ရှင်းလင်းပြောပြပြီး  စွန့်ပစ်ပစ္စည်းဖြင့်  ဘိလပ်မြေ ပန်းစိုက်အိုး ပြုလုပ်နည်းကို  သင်ကြားပြသခဲ့သည်။  


အဆိုပါသင်တန်းတွင်  ရင်ခွင်မဲ့အမျိုးသမီးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ အမျိုးသ မီးများက စိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းပါဝင်ခဲ့ပြီး လက်တွေ့သရုပ်ပြ ဆောင်ရွက်နေမှုများကို  နယ်မြေခံ တပ်မှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။  


ချော

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق