အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ





MNP ၊ ဇူလိုင် ၂၆      

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ယနေ့ နံနက်(၇)နာရီခွဲက  ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပျိုးပင်များကို ခရို်င်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးမင်းလင်းနိုင်နှင့်တာဝန်ရှိသူများက ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပြီး သတ်မှတ် နေရာများတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ်ကြီး ဒေါက်တာမျိုးသူနှင့် ဆရာ/ဆရာမများ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာသူများအား ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုနှင့် ပတ်သတ်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပိတောက်(၃၀)ပင်၊ ငုရွှေဝါ (၃၀)ပင်၊ မယ်ဇယ်(၅၅)ပင်၊  တမာ(၅၅)ပင်၊ ယင်းမာ(၅၅)ပင်၊ စုစုပေါင်း(၂၂၅)ပင်အား ရာသီဥတုမျှတကောင်းမွန်စေရေး စိုက်ပျိုး ခဲ့ကြောင်းနှင့် ခရိုင်သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ရေဝေရေလဲ စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ ဂေဟဖြည့်တင်းရေးစိုက်ခင်းများ၊ သီးနှံသစ်တော ရောနှောစိုက်ခြင်းများ စိုက်ပျိုးလျက်ရှိသည့်အပြင် မိုးရာသီ လူထုဖြန့်ပျိုးပင်(၁)သိန်းခွဲ အပါအဝင် ယခုနှစ်မိုးရာသီတွင် ပျိုးပင်(၃)သိန်း နှစ်သောင်းကျော် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)