Pages

Pages

ဘုတလင်မြို့နယ်တွင် ကျောင်းသားမဂ္ဂအဖွဲ့ဝင် အမည်ခံ အကြမ်းဖက်သမား ၅လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ





MNP ၊ ဇူလိုင် ၂၉

ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများများ ယမန်နေ့ နံနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီး ဖြစ်စဉ်အတွင်း အကြမ်းဖက်သမား ၄လောင်းနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့သော အကြမ်းဖက်သမားများမှာ ကျောင်းသားသမဂ္ဂအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ပြီး အကြမ်းဖက်သမား ၅လောင်းနှင့်အတူ စနိုက်ဘာ သေနတ် ၁ လက်၊ လက်လုပ် သေနတ် ၁ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၃ လက်၊ ပွိုင့်-၃၀၈ ကျည် ၅ တောင့်၊ ၁၂ ဗို့ကျည် ၂၃ တောင့်၊ လက်လုပ် ၄၀ မမ ဗုံးသီး ၂၈ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ NLD အလံ ၂ ထည်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့စာတန်းပါ အနက်ရောင် တီရှပ်အင်္ကျီ ၆ ထည်၊ ဆိုင်ကယ် မျိုးစုံ ၄ စီးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်လှုံ့ဆော်မီဒီယာများဖြစ်သည့် BBC, VOA, RFA အပါအဝင် ပြည်ဖျက်မီဒီယာများက အပြစ်မဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်သယောင် ဖန်တီးရေးသားဖြန့်ဝေမှုများ လုပ်ဆောင်လျက်ရှိသည်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဆိုသူများသည် NUG အကြမ်းဖက်အုပ်စုနှင့်ပူးပေါင်း၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်နေပြီး DVB သတင်းထောင်ဟောင်း၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဒီငြိမ်းလင်း သည် အဆိုတော်လီလီနိုင်ကျော် ကို လုပ်ကြံသတ်ဖြတ်ခိုင်းပြီး နောက်ပိုင်း ပျောက်ကွယ်လျက်ရှိသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق